ရုပ်ရှင်အတူကြည့်ရင်း ဂျပန်ကျောင်းတွေရဲ့ နေ့လည်စာယဉ်ကျေးမှုကို လေ့လာကြရအောင်!

အားလုံးစောင့်မျှော်နေတဲ့ ဂျပန်ရုပ်ရှင်ပွဲတော် ရောက်ရှိနေပါပြီ။ စိတ်ဝင်စားစရာ ဂျပန်ရုပ်ရှင်ဇာတ်ကားတွေ အများကြီးထဲက ရယ်မောပျော်ရွှင်ရင်း ဂျပန်နိုင်ငံမှ ကျောင်းများရဲ့ နေ့လည်စာကျွေးမွေးမှုဓလေ့နဲ့ အတွေးအခေါ်ကို လေ့လာနိုင်တဲ့ "School Meals Time Graduation" ဆိုတဲ့ ရုပ်ရှင်ကားကောင်းလေးကို ဂျပန်ဖောင်ဒေးရှင်းနဲ့အတူ ကြည့်ရှုပြီး ဂျပန်ကျောင်းနေ့လည်စာကို မြည်းစမ်းလေ့လာနိုင်မယ့် ပွဲလေးတစ်ခု ရှိပါတယ်။

ဒီပွဲလေးကို ဇွန်လ ၈ ရက် စနေနေ့ ၁၁ နာရီကနေ ၂ နာရီအတွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ တက်ရောက်သူတွေက "School Meals Time Graduation" ရုပ်ရှင်ကို အတူတကွကြည့်ရှုပြီးရင် ဂျပန်ကျောင်းနေ့လည်စာကျွေးမွေးခြင်း ဓလေ့ကို ကိုယ်တိုင်လေ့လာနိုင်မှာပါ။ ကြိုတင်စီစဉ်မှု အဆင်ပြေချောမွေ့စေဖို့ ပွဲကျင်းမပခင် ၁၅ မိနစ်စောရောက်ရှိပြီး ပြီးဆုံးချိန်မှပြန်ကြဖို့ တက်ရောက်လိုသူတွေကို မေတ္တာရပ်ခံလိုပါတယ်။
  • June 8, 2024, 14:00(MMT)
  • Yangon, Myanmar
  • ဗမာစာ
  • ဗမာစာ